ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၇.၈.၂၀၂၅)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ အ.မ.က (စံပြ)၌ ကျောင်းသားကျောင်းသူ (၁၀၃)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းဟောပြောခဲ့ပြီး ကလေး(ကျား) ၃၈ ဦး၊ ကလေး (မ) ၄၃ ဦး စုစုပေါင်း (၈၁)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။