ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၉-၁၀-၂၀၂၅) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် အ.မ.က ထန်းပင်ကုန်းကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူ (၇၃) ဦးအား လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး လူကြီး မ (၂) ဦး၊ ကလေး ကျား (၃၃)ဦး၊ ကလေး မ (၂၁) ဦး၊ စုစုပေါင်း (၅၆) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

