ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြန်ကြားရေးနှင့် မြို့နယ် စားသုံး သူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အ.မ.က မူလွန် တိုက်ကြီးကျေးရွာ ဆင်ဒိုးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၉၈)ဦးအား မီးဖိုချောင်သုံး ဆေးဖက်ဝင်အပင်များ အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား(၂၁) ဦး၊ လူကြီး မ(၂၆) ဦး၊ ကလေး ကျား(၄၃) ဦး၊ ကလေး မ (၃၈)ဦး၊ စုစုပေါင်း (၁၂၈) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

