တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၉-၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် သည် အ.မ.က အရှေ့ပိုင်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးအား “လက်တစ်ကမ်း တွင်ရှိသောဆေးဖက်ဝင် အပင်များအကြောင်း” ကို အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား (၅)ဦး၊ လူကြီး မ (၄)ဦး၊ ကလေး ကျား (၁၃)ဦး၊ ကလေး မ (၁၃)ဦး၊ စုစုပေါင်း (၃၅)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။