ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံကြီး (ရန်ကုန်)၌ တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် ( Continuing Traditional Medicine Education (CTME) Programme ) အခမ်းအနားကို “အဖောရောဂါ” ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ကြာသပတေးနေ့ နေ့လယ် (၂:၀၀) နာရီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးပေါညိမ်းနှင့် ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး ဦးခင်မောင်ဝင်း တို့မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ တိုင်းရင်းဆေးမှူး ဒေါ်အိအိကျော် နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နှင်းအိအိဖြူ တို့က ဆောင်ရွက် ခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံကြီး (ရန်ကုန်)မှ စာတမ်းရှင် တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က “အဖောရောဂါ” အကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ (၁၃) ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၁၂) ဦး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန် မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ (၅၂) ဦး၊ စုစုပေါင်း (၇၇) ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာကြီးဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ သီရိသုဓမ္မသိင်္ဂီ ဒေါက်တာဌေးဌေးခိုင် (မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီး ဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-)၊ ဆရာကြီးဦးကျော်ကျော်ဌေး (မှန်ချိုတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)မှ ချီးမြှင့် ငွေကျပ် (၁၀၀၀၀ဝိ/-)၊ ဆရာကြီးဦးအုန်းမြင့် (ဒို့ရွှေမြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-)၊ ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဆရာကြီးဦးပေါညိမ်း (ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဆရာကြီး ဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)တို့အား အသီးသီးချီးမြှင့်ခဲ့ကြပြီး စုစုပေါင်း ကျပ်ငွေ (၈၅၀၀၀ဝိ/-) ရှစ်သိန်း ငါးသောင်းကျပ် တိတိကို ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီးဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)နှင့် ဆရာကြီးဦးထွန်းရွှေ (ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုး ကူညီခဲ့ကာ အခမ်းအနားကို ညနေ (၄:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရ သည်။