၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့၊ကြာသပတေးနေ့လယ်(၂:၀၀) နာရီတွင်တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်Continuing Traditional Medicine Education (CTME) Programmeအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်သဘာပတိအဖြစ်ဆရာကြီးဦးသိန်းဇော်(မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဝင်)ဆောင်ရွက်ကာအခမ်းအနားမှူးများအဖြစ်ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်မှဒုတိယတိုင်းရင်းဆေးမှူးဒေါ်ခင်သန္တာငြိမ်းနှင့်ဒုတိယတိုင်းရင်းဆေးမှူးဒေါ်မြတ်ဆုနှင်းတို့က ဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနား၌ရန်ကုန်တိုင်းဒေသကြီး၊ခုတင်(၁၀၀) ဆံ့တိုင်းရင်းဆေးရုံကြီး(ရန်ကုန်)မှစာတမ်းရှင်းတိုင်းရင်းဆေးမှူးဒေါ်ချောစုဝင်းက “အနာ့ပဆုပ်” အကြောင်းကိုဖတ်ကြားဆွေးနွေးကာမြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့်ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးဆရာအသင်း၊တိုင်းရင်းဆေးပညာဦးစီးဌာန၊မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ရန်ကုန်တိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်များ၊ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှဆေးရုံအုပ်ကြီးအပါအဝင်ဆရာ၊ဆရာမများ၊တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၇၅)ဦးတက်ရောက်ကာတိုင်းရင်းဆေးပညာဖွံဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
တင်ပြဆွေးနွေးပေးပါသော စာတမ်းရှင်အား ဆုများချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။