the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME)" အရိုးကျီးပေါင်းရောဂါ" ခေါင်းစဉ် ဖြင့် အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို "အရိုးကျီးပေါင်းရောဂါ" ခေါင်းစဉ်ဖြင့် ၂၀၂၄  ခုနှစ် စက်တင်ဘာလ ၂၀ ရက် သောကြာနေ့ နေ့လယ် (၂:၀၀) နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ်  ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး      ဦးပေါညိမ်းနှင့် မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး ဦးအောင်မြတ်ကျော်တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ရန်ကုန်မှ  ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်သန္တာငြိမ်း နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးအေးအောင် တို့က ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန် အကြော၊ အရိုး၊ အဆစ်ရောဂါကု ဌာနမှ စာတမ်းရှင် တိုင်းရင်းဆေးမှူး  ဒေါ်ကေသွယ်ထွန်း က အရိုးကျီးပေါင်းရောဂါ အကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာ အသင်းမှ ဆရာ/ဆရာမ (၁၈) ဦး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာကြီး(၁၄)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၂)ဦး၊ ရန်ကုန် တိုင်းရင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ (၄၄)ဦး စုစုပေါင်း (၇၈) ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါ သည်။

ဆက်လက်၍ စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာကြီး ဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီး ဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-) ၊ဆရာကြီး ဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅၀,၀၀ဝိ/-)၊  ဆရာကြီး ဦးကျော်ကျော်ဌေး (မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀၀ိ/-)၊ ဆရာကြီးဦးပေါငြိမ်း+ ဆရာမဒေါ်ဖြူဖြူအောင် (ကံသာ တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅၀၀၀၀ိ/-) ၊ ဆရာကြီးဦးထွန်းရွှေ ( ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး )မှ ချီးမြှင့်ငွေကျပ် (၅၀၀၀၀ိ/-) ၊ ဆရာကြီးဦးအုန်းမြင့် ( ဒို့ရွှေမြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှင်ပြုံးတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ရှယ်ပြုံးစားသောက်ကုန်လုပ်ငန်း) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀၀ိ/-) တို့အား ဆုချီးမြှင့်ခဲ့ ကြပါသည်။

       အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီးဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) နှင့် ဆရာကြီးဦးထွန်းရွှေ (ထွန်းရွှေဝါ တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ (၄း၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ