အခမ်းအနားတွင် သဘာပတိများအဖြစ် ဦးပေါငြိမ်း (ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် ဦးခင်မောင်ဝင်း (ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)တို့မှ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားမှူး များအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်ဇာလီအုန်း နှင့်ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မြတ်ဆုနှင်း တို့မှ ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်ပြီး "အအေးမိ၊ နှာစေးရောဂါကို ဆေးနံ့သာတုပ်ကွေး အဖျားပျောက်ဆေးဖြင့် ကုသခြင်း" အကြောင်း စာတမ်းကို အကြီးတန်းတိုင်းရင်းဆေးမှူး စာတမ်းရှင် ဒေါ်ခင်မေလေးက ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဆရာ/ဆရာမ (၁၈)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် များမှ ဆရာ၊ ဆရာမ (၁၀)ဦး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ (၄၅)ဦး၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်(၇)ဦး၊ စုစုပေါင်း (၈၀)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာကြီး ဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ အဘထ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-)၊ ဆရာကြီး ဦးအုန်းမြင့် (ဒို့ရွှေမြန်မာတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀၀၀ဝိ/-)၊ ဦးကျော်ကျော်ဌေး (မှန်ချို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀၀၀ဝိ/-)၊ ဦးအောင်မြတ်ကျော် (မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀၀၀ဝိ/-)၊ ဒေါ်မြတ်နန္ဒာလင်း (အေးချမ်းစံအိမ်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀၀၀ဝိ/-)၊ ဒေါ်သန်းသန်းဆွေ (စံ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဒေါ်ခင်သက်မူ (ရွှေနှစ်တိုင်းရင်းဆေးဝါး ထုပ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဦးမြင့်သောင်း (မိခင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဦးထွန်းရွှေ (ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဦးပေါငြိမ်း (ကံသာ တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀၀၀ဝိ/-)၊ ဒေါ်ခန့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ချီးမြှင့်ငွေ ကျပ် (၃၀၀၀ဝိ/-)၊ စုစုပေါင်း ချီးမြှင့်ငွေ ကျပ် တစ်ဆယ်သိန်း သုံးသောင်း (၁၀၃၀၀၀ဝိ/-) တိတိကို ချီးမြှင့်ခဲ့ပြီး အခမ်းအနားတွင် ဆရာမြင့်(စင်္ကြာမင်းဆေးတိုက်) မှ သွေးလေးဖက်နာနှင့် အဆစ်ရောင်ရောဂါ စာအုပ် (၈၀)အုပ်အား ပံ့ပိုးကူညီပေးအပ်ခဲ့ပါသည်။
ယင်းအပြင် အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီး ဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး )၊ ဆရာကြီးဦးထွန်းရွှေ ( ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် ဒေါက်တာခင်သူဇာတို့မှ ပံ့ပိုးကူညီပေးခဲ့ကာ အခမ်းအနားကို ညနေ (၄း၃၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။