၂၀၂၅ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့ နေ့လည် (၂:၀၀) နာရီတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပဒေသရာဇာခန်းမ၌ ၂၀၂၅ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှုး ဦးမြင့်ကျော်ဦးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ မစုထက်ရွှေရည်(သင်-၁၆) နှင့်မနန်းဖြူသက်နှင်း (သင်-၁၈)တို့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်၊ အနာပေါက်ရောဂါကုဌာနမှ မောင်သူရကိုကို (သင်-၄၆) နှင့် မောင်ဇော်မင်းဟိန်း (သင်-၅၀) တို့သည် "Bell's palsy due to Traumatic injury '" ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၃၂)ဦး တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားကို ညနေ (၃:၃၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။