the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ သင်တန်းပို့ချခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၈-၉-၂၀၂၅) ရက်နေ့တွင် ဒုတိယ​ဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့်၊ အ​ကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်​တင်နွယ်နှင့် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မြတ်ဆုနှင်း တို့ပါဝင်သော အဖွဲ့သည်  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်​၊ လူမူဝန်ထမ်းဦးစီးဌာန သက်​ကြီးရွယ်အိုများ အတွက်​ပြုစုစောင့်ရှောက် သင်တန်း (caregiver) သို့ သွား​ရောက်၍ “တိုင်းရင်းဆေးပညာ အခြေခံသဘောတရား များနှင့် ဆေးဖက်ဝင်အပင်များ၏အသုံး​ပြုပုံများ” ခေါင်းစဉ်ဖြင့် နံနက်(၉:၀၀)နာရီမှ ညနေ(၄.၀၀) နာရီထိ သင်ခန်းစာများပို့ချပေးခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း