တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သောအဖွဲ့သည် (၂၁-၁၀-၂၀၂၅) ရက်နေ့၊ အင်္ဂါနေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အထက(၄) ဗိုလ်တထောင်ကျောင်းတာဝန်ခံ ဆရာမကြီး ဒေါ်အေးအေးသန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အထက(၄)၊ ဗိုလ်တထောင်ကျောင်း၌ ဆေးဖက်ဝင်တိုင်းရင်းဆေးအပင်များ အကြောင်းကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စာရေးဆရာမများ၊ ကျောင်းသူ (၂၀၀)ဦးတက်ရောက်ခဲ့ပြီး ကျောင်းသူ(၃၀)ဦး၊ဆရာမ(၄)ဦး၊ စုစုပေါင်း(၃၄)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။