(၂၁-၁၀-၂၀၂၅)ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်ဉီးဆောင်သော ကွင်းဆင်း အဖွဲ့သည် အနောက်ပိုင်းရပ်ကွက် (အ.မ.က)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ (၆၀)ဦးအား ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျားကလေး(၂၀)ဦး၊ မကလေး(၂၅)ဦး၊ စုစုပေါင်း(၄၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

