ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင်သည် ၂၉-၇-၂၀၂၃ ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေ မြို့နယ် ဆေးသမား ကျေးရွာ၌ တိုင်းရင်းဆေး ပညာပေးဟောပြောခဲ့ရာ ဒေသခံပြည်သူ ( ၁၀၀) ဦး ခန့် အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။