ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော (၂၁-၁၀-၂၀၂၅) ရက်နေ့တွင် စစ်တွေမြို့နယ် အတွင်း အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ချီးမြှင့် ပေးအပ်ခြင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်မှ ပြည်နယ်ဦးစီးဌာနမှူးဦး ဆောင်၍ ဝန်ထမ်းများပါဝင်သော အဖွဲ့သည် လူနာ ကျား (၄၆) ဦး၊ မ (၇၃) ဦး၊ စုစုပေါင်း (၁၁၉) ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




