the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့သည် (၁၅-၁၁-၂၀၂၅) ရက်နေ့၊  နံနက် (၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တိုင်းရင်းဆေးရုံမှ ယာယီ နေရပ်စွန့်ခွာစုရပ် မဏိရတနာ ကျောင်းတိုက်သို့ ကွင်းဆင်း၍  လူနာ ကျား (၁၈) ဦး၊ မ (၃၉) ဦး၊ စုစုပေါင်း (၅၉)ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး “တစ်ကိုယ်ရေသန့် ရှင်းရောဂါကင်း” ခေါင်းစဉ်ဖြင့် ကျန်းမာရေအသိပညာ ပေးဟောပြောခဲ့ ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း