တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့သည် (၁၅-၁၁-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တိုင်းရင်းဆေးရုံမှ ယာယီနေရပ်စွန့်ခွာစုရပ် အိမ်စိုးမေမိ ကျောင်းတိုက်သို့ သွားရောက် ၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၂၁) ဦး၊ မ (၄၂) ဦး၊ လူနာစုစုပေါင်း (၆၃) ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



