ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၁-၁-၂၀၂၆) ရက်နေ့တွင် စစ်တွေမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်မှ ပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်၍ ဝန်ထမ်းများပါဝင် သောအဖွဲ့သည် ကျား (၃၇)ဦး၊ မ (၇၃)ဦး၊ လူနာစုစုပေါင်း (၁၁၀) ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



