ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၂-၉-၂၀၂၅) ရက်နေ့တွင် စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ချီးမြှင့် ပေးအပ်ခြင်းအခန်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်မှ ပြည်နယ် ဦးစီးဌာနမှူးဦးဆောင်၍ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့် ဝန်ထမ်းများပါဝင် သောအဖွဲ့သည် လူနာ ကျား (၃၁)ဦး၊ မ (၇၂)ဦး၊ စုစုပေါင်း (၁၀၃) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။