တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးဌာနမှူး၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့်အဖွဲ့သည် (၁၈-၁၀-၂၀၂၅) ရက်နေ့တွင် ရခိုင်ပြည်နယ်စစ်တွေမြို့၊ ယာယီ နေရပ်စွန့်ခွာစုရပ် ဓမ္မဝိဇေယျေကျာင်းတိုက်သို့ သွားရောက်၍ ကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ရာ လူနာစုစုပေါင်း (၄၈) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှမှ အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးဌာနမှူးမှ “ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီညွတ်မျှတအောင်နေထိုင်မှ ကျန်းမာမည်” ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



