ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်မှ ပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်၍ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့် ၀န်ထမ်းများ ပါဝင်သောအဖွဲ့သည် (၂၀-၉-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီမှ (၄:၀၀) နာရီထိ ယာယီနေရပ်စွန့်ခွာစုရပ် ငါးစင်ရိုင်းချောင်း ကျောင်းသို့ကွင်းဆင်း၍ လူနာဦးရေ ကျား (၂၂) ဦး၊မ (၄၃) ဦး စုစုပေါင်း (၆၅) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုပေးခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ က အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးဌာနမှူးမှ "ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီညွတ်မျှတမှ ကျန်းမာသုခပြည့်စုံရ" ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပါသည်။