ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယ တိုင်းရင်းဆေးမှူး ပါဝင်သောအဖွဲ့သည် (၂၂-၉-၂၀၂၅) ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ဘိုးဘွားရိပ်သာ၌ ကျား လူကြီး (၁) ဦး၊ မ လူကြီး (၁၃)ဦး၊စုစုပေါင်း (၁၄)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။