အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်သိန်းသိန်းဦး ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယဆေးရုံအုပ် ဒေါ်ဝေဝေလင်းမှ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် စာတမ်းရှင် သံတွဲခရိုင် ခရိုင်ဦးစီးဌာနမှူး ဒေါ်လှိုင်လေးအောင်က လက်ကပ် ရောဂါစာတမ်းအား ဖတ်ကြားကာ စာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်သူ ဦးရေ (၁၅) ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။