the republic of the union of myanmar

ministry of health

Department of Traditional Medicine

မူပိုင်ခွင့်အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

မူပိုင်ခွင့်အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်းရှင်များ စုစုပေါင်း (၆၆) ဦးတက်ရောက်ကြပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်သမိုင်း၊ မူပိုင်ခွင့်အမျိုးအစားများ၊ မြန်မာနိုင်ငံ၏ မူပိုင်ခွင့် ဥပဒေများ၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ကန့်သတ် ချက်များအား ပြည့်စုံစွာသိရှိနားလည်ပြီး အဆင်ပြေချော့မွေ့စွာ လျှောက်ထားနိုင်စေရန် ရည်ရွယ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများနှင့် အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်များအကြောင်း၊  ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေနှင့် အမှတ်တံဆိပ် အကြောင်းသိကောင်းစရာများ၊ မှတ်ပုံတင်ခွင့်ရှိသော အမှတ်တံဆိပ်နှင့် မှတ်ပုံတင်ခွင့်မရှိသော အမှတ်တံဆိပ်အကြောင်း၊ တိုင်းရင်းဆေးဝါး၊ တိုင်းရင်းဆေးပညာနှင့် မူပိုင်ခွင့်၊ ကျန်းမာရေးဖြည့်စွက်စာနှင့်မူပိုင်ခွင့်၊ မူပိုင်ခွင့်အကာအကွယ် ရယူခြင်း၏ အကျိုး ကျေးဇူးများ၊ ရိုးရာအသိပညာနှင့် မူပိုင်ခွင့်အကာအကွယ်၊ နာဂိုရာ ပရိုတိုကောနှင့် မြန်မာနိုင်ငံ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ မှတ်တမ်းတင်ခြင်းများ၊ ရိုးရာအသိပညာ ဆိုင်ရာဒီဂျစ်တယ် စာကြည့်တိုက်များတည်ထောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အခြားနိုင်ငံများ၏ ကျင့်သုံးဆောင်ရွက်မှုများအကြောင်း၊ ဟောပြောပို့ချပါသည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းမှ တီထွင်မှုမူပိုင်ခွင့်ပြုရန် လိုအပ်ချက်များ၊ TRIPs သဘောတူစာချုပ်၏ အနိမ့်ဆုံးစံသတ်မှတ်ချက်များ၊ TRIPs ဖြေလျော့မှုဖြစ်သည့် အကာ အကွယ် မရရှိနိုင်သောတီထွင်မှုများ၊ ဆေးဝါးတီထွင်မှုအပါအဝင် ယာယီအကာအကွယ် မရရှိနိုင်သော တီထွင်မှုများအကြောင်း၊ အသေးစားတီထွင်မှုမူပိုင်ခွင့် အကာအကွယ် မရရှိ နိုင်သောအချက်များ၊ တီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရယူရန် ဆောင်ရွက်ရမည့် နည်းလမ်း များ၊ မျိုးရိုးဗီဇ၊ ဇီဝအရင်းအမြစ်နှင့်ရိုးရာအသိပညာ ဆိုင်ရာ ဖော်ပြချက်များ၊ တီထွင်မှုမူပိုင်ခွင့် သက်တမ်းနှင့် အခွင့်အရေးများ၊ကင်းလွတ်ခွင့်နှင့် ကန့်သတ်ချက်များ၊ မလွဲမသွေပေးရမည့် လိုင်စင်များအကြောင်း၊ တီထွင်မှုမူပိုင်ခွင့်၏ အနှစ်သာရများနှင့် Generic ဆေးဝါးထုတ်လုပ် နိုင်သည့်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအား အကြံပြုဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် လက်ရှိဆောင်ရွက်ပေးနေမှု နှင့် စပ်လျဉ်း၍ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ
ခြေဖနောင့်နာခြင်းအား တိုင်းရင်းဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်ခြင်း
ဆောင်းဉတုအတွက်တိုင်းရင်းဆေးပညာအရ ကျန်းမာရေးစောင့်ရှောက်ခြင်း၂၀၂၄ ရေဒီယိုTALK
အဆီတိုးရောဂါအကြောင်းသိကောင်းစရာ