မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦး တိုင်းရင်းဆေးကုဌာနမှ ၅-၉-၂၀၂၃ရက်ေန့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေဦးဆောင်သောအဖွဲ့သည် တံတားဦးမြို့နယ် ပန်ယျမူလွန်အမကကျောင်း၌ ကွင်းဆင်းခဲ့ရာကျောင်းသား/ကျောင်းသူ (၁၇၈)ဦးအား ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး (၁၀၅)ဦး အား ဆေးကုသမှုပေးခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။