မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တိုင်းရင်းဆေးကုဌာမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးထက်ဝေ ဦးဆောင်၍ (ဆ) ရပ်ကွက် ရွှေလှေချမ်းသာရဓမ္မာရုံ၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် (၂၀-၁-၂၀၂၆) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ နေ့လည် (၁၂:၀၀)နာရီအထိ ဆေးကုသမှုပေးခဲ့ရာ ကျား လူကြီး (၅)ဦး၊ မ လူကြီး (၁၃)ဦး၊ မ ကလေး (၂)ဦး၊ လူနာစုစုပေါင်း(၂၀)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



