မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုးနှင့် ညောင်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မိုးဝေတို့သည် (၅-၉-၂၀၂၅) ရက်နေ့တွင် ပုဂံမြို့သစ်၊ (အ.မ.က) သီရိကျောင်းသို့ သွားရောက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ (၁၉၂)ဦး တက်ရောက်ခဲ့ပြီး ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား (၆၀)ဦး၊ ကျောင်းသူ (၄၀)ဦး၊ လူနာ စုစုပေါင်း (၁၀၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။