မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုးနှင့် မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ခင်မိုးဝေတို့သည် ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ (၁-၁-၂၀၂၆) ရက်နေ့တွင် ရွှေစည်းခုံစေတီ၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျား (၁၃)ဦး၊ မ (၂၂)ဦး၊ လူနာစုစုပေါင်း (၃၅)ဦးအား တိုင်းရင်း ဆေးဖြင့် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



