တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးညီညီမောင် ဦးဆောင်၍ ဒုတိယဆေးရုံအုပ် ဒေါ်ကျင်လှနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသီတာခိုင်တို့ ပါဝင်သောအဖွဲ့သည် (၉-၂-၂၀၂၆) ရက်နေ့တွင် ညောင်ဦးမြို့ ကျန်စစ်သားဥမင်စာသင်တိုက်သို့သွားရောက်၍ နံနက် (၉:၀၀)နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား လူကြီး (၃၅)ဦး၊ ကျား ကလေး (၆)ဦး၊ လူနာစုစုပေါင်း (၄၁)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

