မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးညီညီမောင် ဦးဆောင်၍ (၁၈-၉-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေးနှင့် ဒေါ်စန်းစန်းထွေးတို့ ပါဝင်သောအဖွဲ့သည် ညောင်ဦးမြို့၊ ဇေတဝန်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းသို့သွားရောက် ၍ နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာ ကျား-ကြီး (၆)ဦး၊ မ-ကြီး (၅)ဦး၊ ကျား-ကလေး (၁၉)ဦး၊ မ-ကလေး (၃၃)ဦး စုစုပေါင်း လူနာ (၆၃)ဦးအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။