the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး၊ ဒုတိယ ဆေးရုံအုပ်နှင့် ပါမောက္ခဌာနမှူး ပါမောက္ခတင်တင်ဝင်း ဦးဆောင်သော အကြော အရိုးအဆစ် ဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီထွန်းနှင့် ဆရာ၊ ဆရာမများသည် (၂၁-၁-၂၀၂၆) ရက်နေ့တွင် မန္တလေးတောင်ခြေ ဘိုးဘွားရိပ်သာသို့သွားရောက်၍ အဘိုး၊ အဘွားများကို တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးဟောပြောခဲ့ပြီး အဘိုး (၁၃)ဦး၊ အဘွား (၄၇)ဦး၊ ဝန်ထမ်း (၈)ဦး၊ စုစုပေါင်း (၆၈)ဦးအား တိုင်းရင်းဆေးဝါးများဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း