တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ခရိုင်တိုင်းရင်း ဆေးကုဌာနမှ ခရိုင်တိုင်းဆေးမှူး ဒေါ်သင်းသင်းဦး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နေနွယ်လင်း နှင့် အကြီးတန်းစာရေး ဒေါ်ခင်မေသက်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြသန္တာထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ထားအိဝင်းတို့ ပူးပေါင်း ပါဝင်သောအဖွဲ့သည် (၂-၂-၂၀၂၆) ရက်၊ တနင်္လာနေ့ နံနက် (၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀) နာရီအထိ ကျောက်ပန်းတောင်မြို့ရှိ မြို့မမူလွန်ကျောင်းသို့ သွားရောက်၍ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများ အကြောင်းဟောပြောခဲ့ရာ လူဦးရေ (၂၀၀)ဦး တက်ရောက်ပြီး ကျား လူကြီး (၁၀)ဦး၊ မ လူကြီး (၄၈)ဦး၊ မ ကလေး (၇)ဦး၊ လူနာ စုစုပေါင်း (၆၅)ဦးတို့အား ကျောင်းကျန်းမာရေးကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။