the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးနှင့် အဖွဲ့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေသက်နွယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြသန္တာထွေးတို့ ပါဝင်သောအဖွဲ့နှင့် ပူးပေါင်း၍  (၁၂-၁၁-၂၀၂၅) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့ရှိ Integrated Development Education Academy (I.D.E.A) ကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်၍ ဆီးချို၊ သွေးတိုး၊ တီဘီ၊ ဝမ်းကိုက်၊ ဝမ်းပျက်/ဝမ်းလျော ရောဂါကြီး(၆)မျိုးအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်  တိုင်းရင်းဆေးဖြင့် ဆေးကု သမှုပေးခြင်းတို့ ဆောင်ရွက်ပါသည်။ ‌‌ဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၁၇၅)ဦး တက်ရောက်ပြီး သိရှိလိုသည်များကိုမေးမြန်းဆွေး‌နွေးကြရာ ခရိုင်တိုင်းရင်းဆေးမှူးက ပြန်လည် ဖြေကြားခဲ့ကာ လူဦးရေစုစုပေါင်း(၄၉)ဦး တို့အား ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း