မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၄)မြောက် မြန်မာ့တိုင်းရင်းဆေးသမားများ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှော ဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၂၁-၁၁-၂၅) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်း ဦးဆောင်သော အဖွဲ့သည် ကျောက်ဆည်မြို့ မြင်စိုင်းအနောက်ရပ်ကွက်ရှိ ဆင်ဖြူချပ် ပရဟိတ ကျောင်းသို့ နံနံက်(၁၀:၀၀)နာရီမှ နေ့လယ်(၁:၀၀)နာရီ ထိ ဆေးကုသခြင်းနှင့် ကျန်းမာရေး ပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီး ကျား ကလေး (၂၅)ဦး၊ ကျား လူကြီး (၆)ဦး၊မ ကလေး(၄၀) ဦး၊ မ လူကြီး (၇)ဦး၊ စုစုပေါင်း (၇၈)ဦးအား ဆေးကုသခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။