မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့(၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၀-၁-၂၀၂၆) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်း ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ဘောဂဝတီရပ်ကွက်ရှိ အမက(၄)မူလွန် ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၃၇)ဦးအား “အအေးမိနှာစေးချောင်းဆိုးရောဂါအကြောင်း” ပညာပေးဟောပြောခဲ့ပြီး ကျား လူကြီး (၁) ဦး၊ ကျား ကလေး (၂၈)ဦး၊ မ လူကြီး (၆)ဦး၊ မ ကလေး (၄၀)ဦး၊ စုစုပေါင်း (၇၅)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


