တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့(၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၀-၁၁-၂၅) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန် ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့သပြေပင်ရိပ်သာတရားစခန်းသို့ သွားရောက်၍ ကွင်းဆင်းဆေး ကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား လူကြီး (၃)ဦး၊ မ လူကြီး (၃၈)ဦး၊ စုစုပေါင်း (၄၁)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမူများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

