တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေ ဦးဆောင်သောအဖွဲ့သည် တံတားဦးမြို့၊ ခေါင်းကွဲကျေးရွာ၊ မူလွန်ကျောင်းသို့သွားရောက်၍ (၂-၂-၂၀၂၆) ရက်၊ တနင်္လာနေ့၊ နံနက် (၁၀:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေမှ ကျောင်းသား၊ ကျောင်းသူ (၁၈၀)ဦးရေအား ဆေးဖက်ဝင်အပင်များ အကြောင်းနှင့် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ ပြီး ကျား ကလေး (၃၀)ဦး၊ မ ကလေး (၄၅)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



