တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်တိုင်းရင်းဆေး မှူး ဦးဇော်လင်းထင်နှင့် ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့် တို့ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ရွှေစေတီဘိုးဘွားရိပ်သာသို့ သွားရောက်၍ (၁၅-၁-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ နေ့လည် (၁၂:၀၀)နာရီထိ ကျား လူကြီး (၈)ဦး၊ မ လူကြီး (၃၁)ဦး၊ စုစုပေါင်း (၃၉) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

