တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့် ဦးဆောင်သောအဖွဲ့သည် ကြက်မင်းတွန် ရပ်ကွက် အ.မ.က(၁၀) ကျောင်းသို့ (၃၀-၁၀-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ နေ့လည် (၁၁:၀၀) နာရီအထိ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျား ကလေး (၂၈) ဦး၊ မ ကလေး (၄၃) ဦး၊ စုစုပေါင်း (၇၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

