တိုင်းရင်းဆေးပညာ စဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ် Continuing Traditional Medical Education Programme (CTME) အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ မေလ (၂၅)ရက် နံနက် (၉း၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ ၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှုး ဒေါ်နီနီရှိန်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှုးများအဖြစ် မကွေးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်စောပြည့်မွန်နှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်သက်ခိုင်ဝင်း တို့မှ ဆောင်ရွက်ပြီး မင်းဘူးခရိုင် ၊ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်စိုးယုလှိုင်မှ အအေးမိနှာစေးရောဂါကို ဆေးနံ့သာတုပ်ကွေး အဖျားပျောက်ဆေးဖြင့် ကုသခြင်းအား လေ့လာ တင်ပြခြင်း စာတမ်းကို ဖတ်ကြားတင်ပြဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ ဆေးရုံများ(မကွေး၊ရေနံချောင်း)ခရိုင် တိုင်းရင်းဆေးကုဌာနများ (မကွေး၊မင်းဘူး၊သရက်)၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ တိုင်းဒေသကြီးတိုင်းရင်းဆေးဆရာ အသင်းတို့မှ ဆရာ၊ဆရာမများနှင့် တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ စုစုပေါင်း(၄၄)ဦး တက်ရောက်ပြီး စာတမ်းနှင့်ပတ်သတ်၍ သိလိုသည် များကို မေးမြန်းဆွေးနွေး ဖြေကြားပြီး အခမ်းအနားကို နံနက် (၁၀း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။