မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၂-၁၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးငြိမ်းချမ်းစိုး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာ သို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ ကျား (၄)ဦး၊ မ (၁၁)ဦး၊ စုစုပေါင်း (၁၅)ဦး တို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


