the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ (၁၂-၁၁-၂၀၂၅) ရက်နေ့တွင် မင်းလှမြို့နယ် ရေခါးကျေးရွာအုပ်စု ရေခါးကျေးရွာသို့သွားရောက်၍ “ဆောင်းရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း” အသိပညာပေးဟောပြောပြီး ကျား (၂၇)ဦး၊ မ (၄၄)ဦး၊ စုစုပေါင်း (၇၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း