မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၃-၉-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရွှေဘုံသာရပ်ကွက်ရှိ အေးသီတာဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကျား (၄)ဦး၊မ (၂၆)ဦး၊ စုစုပေါင်း (၃၀)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။