တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၉-၉-၂၀၂၅) ရက်နေ့၊ (အင်္ဂါနေ့) နံနက် (၉:၀၀) နာရီ အချိန်၌ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်သည် အ.မ.က (၁၁) ဘဲနန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ကျောင်းသား (၈၀)ဦး၊ ကျောင်းသူ (၇၀)ဦး၊ စုစုပေါင်း (၁၅၀) ဦးအား “ဝဲ၊ယားနာ ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များနှင့် လက်တွေ့အသုံးချနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း” အသိပညာပေးဟောပြော၍ လူကြီး (မ) (၂)ဦး၊ ကလေး (ကျား) (၂၂) ဦး၊ ကလေး (မ) (၂၄) ဦး၊ လူနာ စုစုပေါင်း (၄၈) ဦး အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။