တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၉-၁၀-၂၀၂၅) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉:၀၀) နာရီ အချိန်၌ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် အ.မ.က (၈) ရွှေကြာငုံကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား (၈၀) ဦး၊ ကျောင်းသူ (၇၀) ဦး၊ စုစုပေါင်း (၁၅၀) ဦး အား ဝဲယားနာရောဂါ နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များနှင့် လက်တွေ့အသုံးချနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြော၍ ကလေး ကျား (၁၉) ဦး၊ ကလေး မ (၂၁)ဦး၊ လူနာစုစုပေါင်း (၄၀)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။