တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးမြို့ နယ် တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသန့်နှင့်အဖွဲ့သည် (၁၉-၁၁-၂၀၂၅) ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင် မင်းဘူးမြို့နယ်ရှိ ရွှေနတ်တောင်ဘုန်းကြီးကျောင်းတိုက် သို့သွားရောက်၍ တရားစခန်းဝင်ယောဂီများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူကြီး ကျား(၃)ဦး၊ လူကြီး မ(၂၈)ဦး၊ စုစုပေါင်း (၃၁)ဦးကို တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


