မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၁၉-၁၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်မေကြည်ဦးနှင့်အဖွဲ့သည် မကွေးမြို့ မိုးကောင်းကျောင်းတိုက်သို့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား (၁၀)ဦး၊ မ (၄၈)ဦး၊ လူနာစုစုပေါင်း (၅၈)ဦး တို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



