မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ( ၉-၉-၂၀၂၅) ရက်နေ့တွင် တိုင်းရင်းဆေးမှူး ဒေါ်သန္တာနွယ်နှင့် ဆရာ၊ ဆရာမများသည် မကွေးမြို့ ပုညဝတီစာသင်တိုက်သို့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာတွင် ကျား (၆၂)ဦး၊ မ (၃၂) ဦး၊ စုစုပေါင်း (၉၄) ဦး အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ပါသည်၊၊
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။