မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မိကျောင်းရဲ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူးနှင့်အဖွဲ့သည် (၁၅-၁-၂၀၂၆) ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ဒီပင်္ကရာကျောင်း တိုက်အတွင်းရှိ ရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်များ ကျား (၁၁)ဦး၊ မ (၄)ဦး၊ လူနာစုစုပေါင်း (၁၅)ဦး အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

