မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မိကျောင်းရဲတိုင်းရင်းဆေးကုဌာနမှ (၂၉-၁၀-၂၀၂၅) ရက်နေ့ နံနက် (၈:၀၀)နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူးနှင့် အဖွဲ့သည် ဓမ္မိကာရုံတိုက်ကျောင်း မိကျောင်းရဲ ဓမ္မရိပ်သာခွဲ (၅၂)တွင်တရားစခန်းဝင် ယောဂီများအား ကျား(၆)ဦး၊ မ(၁၁)ဦး၊ လူနာစုစုပေါင်း (၁၇)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

