မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်း ရင်းဆေးမှူး ဒေါ်ခင်မေဦးသည် (၆-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် ငှက်ပစ်တောင် ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွား ကျား (၁၂)ဦး၊ မ (၁၈)ဦး၊ စုစုပေါင်း(၃၀)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

